About Color

Design နှင့်ပတ်သက်လို့ လူတိုင်းမရှိမဖြစ် သိရန်လိုအပ်သောအရာသည် အရောင်အကြောင်းဖြစ်သည်။ ယနေ့ Graphic သင်တန်းတော်တော်များများရှိနေသော်လည်း ဒီဇိုင်းနှင့်ပတ်သက်ပြီး သင်ပေးသော သင်တန်းမရှိပါ။ တက်မည့်သူလည်းမရှိသောကြောင့် သင်တန်းမဖွင့်ကြခြင်းလည်းဖြစ်သည်။ သင်တန်းတက်သူတိုင်းက အရေးကြီးမှန်းလည်းမသိ၊ မိဘတွေကလဲမသိ၊ ကျောင်းမှာလဲ မသင်ခဲ့။ Graphic သင်တန်းပြီးလို့ အလုပ်ဝင်ပြီး လုပ်ငန်းခွင်တွင် ပြသနာတက်လာကြသည်။
ထို့ကြောင့် ဒီနေရာလေးတွင် သိသလောက်မှတ်သလောက်လေး Sharing လုပ်သွားပါမည်။

RGB Colors 

RGB Color  ဆိုတာကတော့ အရိုးရှင်းဆုံးပြောရရင် TV Monitor, Computer,  Phone နှင့် Web Broswer စတဲ့အရာတွေအတွက် အသုံးပြုထားတဲ့အရောင်တွေပါ။ ဒီ(၃)ရောင်အားဖြင့်
မြောက်များလှစွာသော အရောင်တွေကိုရရှိပါတယ်။
ပန်းချီသဘောတရားအရ အရောင်ရဲ့ ဇစ်မြစ် Original Color(or) Natural Color ဖြစ်တဲ့
Red, Yellow, Blue ဆိုတဲ့ သဘောတရားနှင့် အနီးစပ်ဆုံးဖြစ်နေပါတယ်။
ဒါကြောင့် ဒီဇိုင်နာတစ်ယောက်အနေနှင့် အရောင်ရွေးချယ်တဲ့နေရာမှာ အသုံးပြုမည့်နေရာပေါ်မူတည်ပြီး File ကို စဖွင့်ကတည်းက ရွေးရမှာပါ။

CMYK Colors

CMYK ဆိုတာက Printing/Offset တွေမှာ သုံးတဲ့အရောင်ပါ။ အကြောင်းကတော့ Offset
ပေါ်မှာ ရိုက်ရတော့မည်ဆိုရင် Film (၄)ချက်နှင့်ရိုက်ရပါတယ်။ အဲဒါတွေကတော့

C- Cyan လို့ခေါ်တဲ့ အပြာ(မိုးပြာ)ရောင်ဖြစ်တယ်။

M- Magenta ကတော့ ပန်းရောင်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့တန်ဖိုးကတော့ Red ပါ။
အဲတာကြောင့် Red လို့လဲ ခေါ်လို့မရ၊ Pink လို့လဲ ခေါ်မရတာကြောင့် Magenta လို့ခေါ်ရပါ
တယ်။

Y- Yellow ကတော့ အ၀ါရောင်စစ်စစ်ဖြစ်တယ်။
K – Black. ဒီနေရာမှာ Black ကို ဘာကြောင့် K လို့ ခေါ်သလဲ။ သူကတော့ အနက်ပါ။
Offset မှာ Film ကနေ Plate ကို ပြောင်းတဲ့အခါ အဓိက Key က.. အနက်  Plate ပါ။
သူ့ကို ကြည့်ပြီး ချိန်ရပါတယ်။ အဲဒါကြောင့် K- Key လို့ခေါ်ပါတယ်။ ဒီနေရာမှာ သဘောပေါက်ရမှာက အနက်ဆိုတာ အရောင်မဟုတ်ပါဘူး။ CMY လို့ခေါ်တဲ့ တစ်ခြားအရောင်တွေကို အဓိက ပံ့ပိုးပေးတဲ့ အရာဖြစ်နေလို့ပါ။

3 Naturel (Primary) Colors

အထက်ပါအကြောင်းအရာတွေကတော့ Technology သဘောတရားအရ ထွက်လာတဲ့ အရောင်ရဲ့ဇစ်မြစ်တွေဖြစ်ပြီး၊ အရောင်တွေရဲ့  နဂိုမူလ အရောင်ဟာ (၃)ရောင်ရှိပါတယ်။
သူတို့ကတော့ နီ၊ ၀ါ၊ ပြာဖြစ်ကြပါတယ်။ ဒီသဘောတရားကို သဘောပေါက်သွားပါမှ CMYK ပဲလာလာ၊ RGB ပဲလာလာ ဘယ်လို စပ်ရမလဲဆိုတာ သိမှာပါ။
အဲဒါမှ တဆင့် နောက်ထပ်ဆင့်ပွားအရောင်တွေကိုတွေ့ရမှာပါ။

Harmony Colors
Harmony ဆိုတဲ့နေရာမှာ အဓိက အရောင်ရဲ့ အရင်းအမြစ်(၃) ခုမှ ခွဲထွက်လာတဲ့ အရောင်တွေကို စက်ဝိုင်းအတိုင်း စီလိုက်ရင် ပိုသဘောပေါက်ပါလိမ့်မည်။ အခြေခံအားဖြင့် အရင်းမြစ်ရောင်ဖြစ်တဲ့ အနီနှင့်အ၀ါ ၅၀%စီ ရောသမမွှေလိုက်ရင် လိမ္မော်(Orange)ရပါတယ်။

အဲဒီ လိမ္မော်ကို ဒုတိယအရောင် (secondary colors) လို့ခေါ်ပါတယ်။ ထို့အတူပဲ အနီနှင့်
အပြာရောရင် မရမ်းရောင် (Purple) ရပြီး၊ အ၀ါနှင့် အပြာစပ်ရင် အစိမ်းရပါတယ်။

ထို့ကြောင့် secondary colors တွေကတော့ Orange, Green, Purple တို့ဖြစ်တယ်။

ဒီသဘောကိုမပေါက်ရင် ဒီဇိုင်းလုပ်တဲ့နေရာမှာ အရောင်နှင့်ပတ်သက်ရင်
အမြဲ ပြသနာသက်မှာပါ။ပြီးရင် ဒီသဘောတရားကို CMYK အရောင်နှင့် တွက်လို့မရပါဘူး။

CMYK အရောင်ရဲ့ အရင်းမြစ် အရောင်တွေကို အ၀ါ၊ ပန်းရောင်၊ မိုးပြာရောင်နှင့်
အနက်ဖြစ်နေပါတယ်။ အဲဒါကြောင့် အစိမ်းရောင်ရဖို့ကို အ၀ါ ၁၀၀% +မိုးပြာ ၁၀၀%စပ်မှ
ရမည်ဖြစ်ပြီး၊ သဘာဝအရာင် အခြေခံသဘောတရားနှင့် လွဲနေပါတယ်။

Contrast Colors
တစ်ခါတုန်းက လူတစ်ယောက် Signboard လုပ်ချင်လို့ဆိုပြီးလာပါတယ်။ ဒါမေမဲ့ သုံးရမည့် အရောင်ကတော့ ဗေဒင်ဆရာညွှန်လိုက်လို့ဆိုပြီး အစိမ်းရောင်နောက်ခံ၊ အနှီရောင်စာလုံးဖြစ်ရမည်လို့ဆိုပါတယ်။ ဒီလိုနှင့် ဘယ်လိုမှ ရှင်းလို့မရတော့ သူ့အကြိုက် လုပ်လိုက်ရပေမဲ့ နောက်တစ်ပတ်လောက်ကြာတော့ သူ့ဆိုင်းဘုတ်မပေါ်လို့ဆိုပြီး ပြန်ပြောင်းလိုက်ရပါတယ်။
ဒီနေရာမှာ Color Contrast အကြောင်းကို ပြောချင်တာပါ။ ဒီဇိုင်းလုပ်တဲ့နေရာမှာ Color Contarst မလုပ်ရဘူးဆိုတဲ့ သီအိုရီ ကန့်သတ်ချက်မရှိသလို၊ ဘယ်သူမှလဲ ပြသနာမရှာပါဘူး။
သို့ပေမဲ့ ဘာ့ကြောင့် မလှသလဲ၊ ဆိုတာလေးကတော့ အဖြေသိသင့်ပါတယ်။

အောက်ကပြထားသလိုပဲ အရောင်တွေကို စက်ဝိုင်းအတိုင်း (၁၂) ရောင်ကို စီလိုက်ပါက၊ မျက်နှာချင်းဆိုအရောင်တွေဟာ ဆန့်ကျင်ဘက်အရောင်တွေဖြစ်ကြပြီး၊ ဘေးတိုက်နှင့်ကြည့်ရင် Harmony အရောင်တွေလို့ ယူဆနိုင်ပါတယ်။
အရောင်တွေရဲ့ အခ်ါအဝေါ်ကတော့ အမျိုးမျိုးရှိကြပေမဲ့ ဒီနေရာမှာ ရိုးရိုးရှင်းရှင်းပဲ ပေးချင်တယ်။
ဒီအရောင်(၁၂)ရောင်ကို သေချာလေး သိသွားပြီဆိုရင် ဘယ်လိုနေရာမှာ ဘာနှင့်လိုက်ဖက်တယ်ဆိုတာ သူ့အလိုလိုသိပါလိမ့်မည်။