တီအီးပေါင်-အချစ်ဆိုသည်မှာ

ဒီစာအုပ်တွေကတော့ အထဲကအကြောင်းအရာ အတူတူဖြစ်ပြီး ပထမအကြိမ် ထုတ်ဝေပြီး၊ ဒုတိယအကြိမ်ထုတ်ချင်မှ ပြန်လာတော့ Data ထားတဲ့နေရာလဲ မသိတော့လို့ ပြန်လုပ်ပေးရတဲ့ ဟာတွေပါ။

ပထမအကြိမ် ဒီဇိုင်း။ ၂၀၀၅။

ဒုတိယအကြိမ် ဒီဇိုင်း ၂၀၁၁။

တီအီးပေါင်-နာကျင်မှုဘ၀ရဲ့အဖြေ

Answer to Life’s Toughest Questions by Rick Warren ဆိုတဲ့ စာအုပ်ကို
နာကျင်မှုဘ၀ရဲ့အဖြေ ဆိုပြီး ဘာသာပြန်ထားပါတယ်။ မူရင်းစာအုပ်ရဲ့ နာမည်နှင့်လဲ မတူလို့
ဒီဇိုင်းလဲကွဲသွားရပါတယ်။

မူရင်းစာအုပ်။

တီအီးပေါင်=သခင်ယေရှုနှင့်အင်တာဗျူး


Reporter’s Interview with Jesus  ဆိုတဲ့ ဘာသာပြန်စာအုပ် အဖုံးဒီဇိုင်း၊ ၂၀၀၅ ခုနှစ်ကလုပ်ထားတာပါ။ Illustrator နှင့် ဆွဲထားတာပါ။


မူရင်း စာအုပ်ဒီဇိုင်း။

ဆရာသမားတွေက ထုံးစံအတိုင်း မူရင်းကာဗာကိုလဲမပြကြဘူး။ အဲဒီခေတ်က Internet လဲ မရသေးတော့ ခံလိုက်ရတာပေါ့ဗျာ။ သူတို့ကို ပြသနာပြန်ရှာတော့ ဆရာ့ own creation ကို လိုချင်လို့တဲ့။

လက်ထပ်ထိမ်းမြှားပြီးနောက်(တီအီးပေါင်)

လက်ထပ်ထိန်းမြှားပြီးသူတိုင် အိမ်ထောင်ရေးသုခလမ်းညွှန်စာအုပ်လေးပါ။ တကယ်ဖတ်သင့်တဲ့စာအုပ်လေးပါ။ ၂၀၁၂ခုနှစ်က လုပ်ထားတဲ့ ဖြတ်ညှပ်ကပ်၊ Edit, Refine Design ပါ။

မိစ္ဆာဝိညာဉ်

ဒီစာအုပ်က အကြောင်းအရာ(၁)ခုတည်းကို (၂) ခါလုပ်လိုက်ရတယ်လို့ထင်တယ်။ တစ်ခုနှင့် တစ်ခုကြား(၅)နှစ်လောက်ကြာသွားတော့ Data ထားတဲ့နေရာလဲမသိတော့တာရယ်၊ စာအုပ်နံမည် မမှတ်မိတာရယ်၊ အပ်တဲ့သူမတူတာရယ်ကြောင့် (၂)ခါ လုပ်မပြီး နောက်မှ ပြန်သိရတာပါ။

Copy Edit, Refine


ဒီစာအုပ်ဒီဇိုင်းတွေကတော့ မူရင်း စာအုပ်ရဲ့ Design Soft Copy မရတဲ့အတွက် ပြန်ပြီး Scan လုပ်ရပါတယ်။ ပြီးတော့ Offset မှာ ပုံနှိပ်လို့ရအောင် ပြန်လုပ်ရတဲ့ ဒီဇိုင်းမျိုးတွေပါ။ မြန်မာပြည်မှာ အလုပ်ရဆုံး အလုပ်တစ်ခု ဆို မမှားပါဘူး ။

Copy-Edit- Make Own

Foundation of Faith

စာရေးသူ= CHIN KHUA KHAI ရဲ့ Foundation of Faith ဆိုတဲ့စာအုပ် Cover ဒီဇိုင်းပါ။ တကယ်တော့ ဒီစာအုပ်ကို တခြား ဒီဇိုင်းနှင့် ထုတ်ပြီးသားလို့ဆိုပါတယ်။ ဒီ ဒီဇိုင်းကတော့ ကျနော့်အမြင့်၊ အတွေး၊ စာအုပ်အမျိုးအစားနှင့်လိုက်ဖက်အောင် လုပ်ထားတာပါ။