Sangpi- God Bless Myanmar

ဒီ Design ကိုစဉ်းစားတဲ့အခါ မြန်မာဆိုတဲ့ Concept ပါလာပါတယ်။ ဒီ Subject ကတော့ Logo Concept ဖြစ်ပါတယ်။ မြန်မာဆိုတော့ အတိုဆုံး၊ အရှင်းဆုံး၊ အထိရောက်ဆုံးဖြစ်ဖို့လိုအပ်ပြီး သန့်ရှင်းသပ်ရပ်ချင်တဲ့ Concept ပဲဖြစ်ပါတယ်။
ဒါကို အလုပ်ခင်မှာ မြန်မာ အလံထက် မြေပုံကို အကြိမ်ကြိမ်စဉ်းစားမိပါသေးတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ မြန်မာမြေပုံပါတဲ့ ဒီဇိုင်း၊ Logo တွေ များနေတာကြောင့် အလံကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ရပါတယ်။


Cover Design

Billboard Design

Thang Tawng-The Presence

ဒီ အယ်ဘမ်ကတော့ ကျွန်တော်တို့အချစ်ဆုံးညီလေး ထန်သောင်ရဲ့ ပထမဆုံး Worship Album လေးပါ။ ကျေးဇူးတော်ကြောင့် ဒီ အယ်ဘမ်ဟာ တော်တော်ပေါက်ရောက်တယ်လို့ပြောရမှာပါ။ အကြောင်းကတော့.. မှော်ဘီ၊ ၀ါးနက်ချောင်းမှာရှိတဲ့ ကျွန်တော့်ဦးလေးဆုံးတုန်းက..မနက်စောစောစီးစီး(၄)နာရီကနေနေ နေ့လည်(၁၂)နာရီအထိ၊ ည(၁၁)ရီလောက်ထိကို ၀ုန်းဒိုင်းကျဲ
ဘေးချင်းအိမ်က ဒီအယ်ဘမ်နှင့် နှိပ်စက်ခဲ့တာ တပတ်တိတိ ခံရဖူးပါတယ်။

Jesus (HWC Worship Night)

Hallelujah Worship Center  ကထုတ်တဲ့ Jesus ဆိုတဲ့ Album ကာဗာလေးပါ။
ထုံးစံအတိုင်း ကျွန်တော်ဆရာစံပီး စိတ်ကြိုက်လုပ်ဖို့က မိုင်ပေါင်းတစ်ထောင်လောက်ဝေးတဲ့နေရာက ပန်းတစ်ပွင့်ကို (၁)နာရီအတွင်း ရချင်သလို ခက်ခဲလှပါတယ်။
ဒီ..Design လေးကို (၁)ပတ်လောက် အချိန်ယူပြင်ဆင်ကာ သမိုင်းလမ်းစုံမှာရှိတဲ့ City Mart က Coffee ဆိုင်တစ်ခုမှာ ဆရာစံပီးရယ်၊ သူ့ PA ဆရာထောင်းပူရယ် တိုင်ပင်ဆွေးနွေး၊ တည်းဖြတ်၊ Approved လုပ်ခဲ့ပါကြောင်း။

မျှော်လင့်ခြင်း စီးရီးကာဗာ


This is “Hope” Christian Songs Album Poster. The idea is that one hope of window is open even from dark side.

ဒီ ဒီဇိုင်းအကြောင်းနှင့်ပတ်သက်လို့ ပြောစရာ အမှတ်တရလေးရှိပါတယ်။ လာအပ်တုန်းက
ထုံးစံအတိုင်း အမြန်ဆိုပြီးလာပါတယ်။ ပြီးတော့ တပတ်လောက်နေပြီး အဆက်သွယ်မရတာ (၂)နှစ်ကျော်လောက် ကြာသွားတယ်။ လူလဲမေ့နေပြီ။ ဒီဇိုင်းလဲမေ့နေပြီ။ အရေးထဲမှာ  Hard Disk က ပျက်သွားတာနှင့် ဒီဇိုင်းလုပ်ထားတာတွေ ပျောက်ကုန်လို့ အစက ပြန်လုပ်လိုက်ရ
ပါတယ်။