OKM logo

OK Myanmar Logo

This logo was created in 2014 for OK Myanmar Co., Ltd.
I was been a staff as a Graphic Designer in this company about 7 years.

Myanmar Travelogue Logo


Myanmar Travelogue Logo.
ဒီ ဒီဇိုင်းလေးကတော့ တော်တော်များများ လုပ်ပေးရတဲ့ ဟာထဲက၊ တော်တော် လုပ်ရတဲ့ Logo တစ်ခုပါ။ အချိန်တော်တော်ပေးလိုက်ရပါတယ်။

Katana Sushi Logo


ဒီလိုဂိုကတော့ USA ကတစ်ယောက်လာအပ်တာပါ။ Katana ဆိုတာ ဂျပန်ဓါးနံမည်ဖြစ်ပြီး၊ Sushi လဲပါချင်ပါတယ်။ ပြီးတော့ ဓါးအရောင်က ဖက်ဖူးရောက်တောက်တောက်လိုချင်တယ်လို့ဆိုပါတယ်။ Clients လုပ်ချင်တဲ့ပုံစံအနေအထားလေးနှင့် လုပ်ထားပါတယ်။

Discipleship Logo, Pamphlet Design

ဒီ Design ကို ညက ဆရာဦးနော်လီဆန်းကိုတိုင် အိမ်ကိုရောက်လာပြီး Logo အပ်မလို့ဆိုပါ
တယ်။ ပြောရင်းပြောရင်းနှင့် နဲနဲမြန်ချင်တယ်လို့ဆိုပါတယ်။ ပြီးတော့ အိမ်ပြန်ပြီး မနက်ဖန်ရနိုင်
မလားလို့ ဆိုပါတယ်။ Logo Concept ကတော့ ရှင်လုကာ ၉း၂၃ထဲက ငြင်း၊ ထမ်း၊လိုက် ဆိုတဲ့သုံးချက်ပါရမည်တဲ့။ ခက်ပါပြီ။ တစ်ညလုံး တိုင်ပတ်လိုက်ရပါတယ်။

Logo Concept လေးကတော့ ကိုယ့်ကိုယ်ကို ဆိုတဲ့နေရာကို Heart Shape ထားပြီး၊
ကိုယ့်ကိုယ်ကိုငြင်းပယ်တယ် ဆိုတဲ့ အချက်မှာ တော်တော်လေး တိုင်ပတ်ခဲ့ရတယ်။ ဘာလုပ်မလဲပေါ့။ အဲဒါနဲ့ ဘာလုပ်ရမှန်းမသိလို့ ထိုင်လိုက်၊ ထလိုက်၊ အခန်းထဲဝင်၊ ထွက်လိုက်နဲ့ တံခါးပိတ်တာ နဲနဲကျယ်သွားတော့ အိပ်နေတဲ့သားငယ်နိုးလာလို့ ထုံးစံအိုင်း ပါးပါးဆိုပြီး အော်လိုက်တယ်။
သူ့ကိုပြေးသိပ်လိုက်ရတယ်။ ထုံးစံအတိုင်း သူ့ကို ထားခဲ့မှန်းသိရင် သူငိုနေကျလေ။
အဲဒီအချိန်မှာ Leave ဆိုတဲ့ Concept ကို ရလိုက်တယ်။ တံခါး…. ပေါ့။
ဒီ Concept လေးက ရိုးရိုးလေးပေမဲ့ မနက် ၂း၀၀ နာရီမှာ ပြီးသွားတာပါ။


Pamphlet Front


Pamphlet Back

Logo Design


တံဆိပ်တုံးဒီဇိုင်း။