Edit Translucent

ဒီဇိုင်နာတယောက်ရဲ့ အဓိကပြသနာကတော့ ကိုယ့်ရဲ့ Art work Material တွေရဲ့ ပြသနာပါ။ အကြမ်းဖျင်းအားဖြင့် Artwork Object ကတော့

  • Transparent(အလင်းပြန်တဲ့အရာဝတ္ထု)၊
  • Translucent (အလင်းပြန်ပြီး ဖောက်မြင်ရတဲ့ အရာဝတ္ထု) တွေနှင့်တွေ့ရင် အထူးသတိထားရပါတယ်။ အောက်က ပြထားတဲ့ပုံတွေဟာ သင့်ဓာတ်ပုံဆရာက အကောင်းဆုံးလက်စွမ်းပြ ရိုက်ထားတဲ့ပုံဆိုပါစို့။ ဒီလိုပုံတွေကို ဓါတ်ပုံရိုက်ရင် နောက်ခံ အဖြူနှင့် ရိုက်တာ အသင့်တော်ဆုံးဆိုတာ သင့်ဓါတ်ပုံဆရာကို မပြောပြရင် ပြသနာကြီးမားနိုင်ပါတယ်။

ဒီလိုပုံတွေကို ကိုင်ရပြီဆိုရင် Background မှာ အကြီးအကျယ် ပြသနာတက်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့သူဟာ ထိုးဖောက်မြင်ရတဲ့ အရာဝတ္ထုမို့ အနောက်မှာ ရှိတဲ့ အရာ၊ အရောက်မှအစ မြင်ရမှာပါ။ အောက်ကပုံအတိုင်းသာဆိုရင် ဖန်သားပြင်ထဲ ငါးရှိတာနှင့်မတူပဲ ကြွေထည် ပေါ်က ငါးပုံလို့ ထင်ရနိုင်မှာပါ။

အဲဒါကြောင့် သူ့ကို ဖောက်မြင်ရတဲ့ အရာဖြစ်အောင် ပြုလုပ်ရမှာပါ။ အဓိကသိရမှာက
ဖောက်မြင်ရတဲ့အရာဆိုတာ သိထားဖို့ပါ။

ဒီ Artwork ဟာ Illustrator ကိုအသုံးပြုထားပြီး နောက်က Background ဟာ jpeg file ဖြစ်ပါတယ်။