Perspective

ခုနောက်ပိုင်း လူတွေပြောနေနေတဲ့ 3D ဆိုတာ Perspective ကို ပြောတာပါ။ 3D  ဆိုတာကတော့ 3 Dimension ဖြစ်ပြီး (၃)ထောင့်မြင်နိုင်တဲ့သဘောတရားကို ဆိုလိုပါတယ်။ သို့သော် 3D ဖြစ်လာဖို့ Perspective အခြေခံမသိရင် ခက်ခဲပါလိမ့်မည်။ ပန်းချီဆရာတွေကသိကြပေမဲ့ Designer တော်တော်များများက မသိကြပါဘူး။ Perspective ကို ပုံဆွဲတဲ့နေရာမှာ အထူးလိုအပ်ပြီး အထူးအဖြင့် အင်ဂျင်နီယာတွေအတွက်တော်တော်လိုအပ်ပါတယ်။ ခေတ်ရဲ့အနေအထားအရ Perspective ကို Software အကူအညီနှင့် လုပ်ကြပါတယ်။ 3D Max, Maya ဆိုတဲ့ Software  တွေက အထူးကောင်းမွန်ပေမဲ့ တတ်တဲ့လူနဲနေပါတယ်။
အင်ဂျင်နီယာတွေကတော့ power point ကိုအသုံးပြုပြီး Drawing ဆွဲကြပေမဲ့ သူတို့ Drawing က များသောအားဖြင့် Drawing Out နေကြပါတယ်။ အကြောင်းကတော့ Perspective ကို နားမလည်လို့ပါပဲ။

1 Point Perspective
One point perspective ဆိုတာကတော့ အရိုးရှင်းဆုံးပြောရရင် မျဉ်းကြောင်းတစ်ေကြာင်းကို ဆုံမှတ်တစ်နေရာထားပြီး ပြိုင်ဆွဲကြည့်ခြင်းဖြစ်တယ်။ Perspective ဆိုနဲ့နေရာမှာ အရေးကြီးတဲ့တစ်ချက်က သင့်မျက်လုံးရှိတဲ့ နေရာ (Level) ဖြစ်တယ်။ သင့်အရပ် ၅ပေ ၅လက်မဆိုလျှင် သင့်မျက်လုံးရဲ့ Level က ၅ပေလောက်မှာရှိမှာပါ။ သင်ထိုင်နေရင်တော့ သင့်မျက်လုံးက မြေကြီးမှ ၃ပေ၀န်းကျင်ပေါ့။ အဲဒါကို Eye level လို့ခေါ်ပါတယ်။ 1 Point  perspective မှာတော့ သင့်မျက်လုံး eye level တည့်တည့် ဘယ်ညာ၊ အပေါ်အောက် ကိုဗဟိုပြုပြီး မျဉ်းကြောင်းများဖျာထွက်လာတဲ့ အရာပေါ်မှ Art work တည်ဆောက်ရပါတယ်။
မြင်ရတဲ့အနေထားကတော့ သင့်မျက်လုံး Eye Level အထက်က အရာဝထ္ထုတွေရဲ့အောက်ပိုင်း မျက်နှာပြင်၊ Eye level အောက်က အရာဝထ္ထုတွေရဲ့ အထက်ပိုင်းမျက်နှာပြင်ကို မြင်ရပါမည်။
ဒါကြောင့် ရှေ့၊ နှင့်အထက်၊ သို့မဟုတ် ရှေ့နှင့် အောက်မျက်နှာပြင်ကို မြင်ရပါတယ်။


ဒီ  1point perspective နှင့် Artwork အများကြီးတည်ဆောက်လို့ရပါတယ်။ အထက်ကပြထားတဲ့  ပန်းချီဆရာ Leonardo Da Vinci  ရဲ့  The last Supper ပန်းချီကားဟာ 1point perspective နှင့် ဆွဲထားတယ်လို့ ဆရာတွေဆီက မှတ်သားဖူးပါတယ်။

2 Point Perspective
2Point perspective ဆိုတာ  Eye level မျဉ်းပေါ်က Point (၂)ခု၊ ဆုံမှတ်(၂)ခုမှ မျဉ်းပြိုင်
ထိုးလိုက်ခြင်းပါ။ ဒီ စနစ်က အသုံးအများဆုံးဖြစ်တာကြောင့် သေချာလေး လေ့လာသင့်ပါတယ်။
ထုံးစံအတိုင်း Eve level ကို အရင်ချကြည့်ရပါမည်။ ထိုမှ တဆင့် အမှတ် (၂)ခုချပြီး မျဉ်းကြောင်းဆွဲကြည့်ကာ ကိုဆွဲမည့် ထိုင်ခုံ၊ စားပွဲတွေကို စီလိုက်ရမှာပါ။

Perspective ရဲ့သဘောတရားကတော့ သုံးပေ အမြင့်ရှိတဲ့ ခုံတစ်ခုဆိုရင် အပြင်ဘက်မှာ(၃)ပေအမြင့်ရှိပေမယ့် ဆွဲတဲ့အခါ အနောက်လက်ထောင့်နှစ်ခုက Point တစ်ခုဆီကို ဦးတည်ပြီး ရှိုးသွားပါတယ်။ ဒီသဘောတရားကို ကောင်းကောင်းသဘောပေါက်ရမှာပါ။
အထက်ကပုံပြထားသလိုပဲ တုံးတစ်ခုရေးဆွဲတဲ့အခါ သုံးပေအမြင့် အတိုင်း အနောက်ကိုပို့လိုက်တော့ ဒီပုံဟာ… အနောက်က ပိုမြင့်သလိုခံစားရပါတယ်။ မြန်မာပြည်က Engineer Drawing သမားတော်တော်များများ မှားကြတဲ့ အမှားတစ်ခုလဲဖြစ်ပါတယ်။



3 Point Perspective

ဒီဟာက Point (၃)ကတော့ များသောအားဖြင့် အဆောက်အအုံ၊ ကျောက်တိုင် စသည်ဖြင့် Super ဖြစ်တဲ့ အမြင်တွေကို ပြချင်တဲ့အခါ သုံးရပါတယ်။ Bird View.. ကောင်းကင်ယံမှ အမြင်၊ လူမြင်နေကျ အမြင် မဟုတ်သော ရသမျိုးကို ရစေပါတယ်။

Eye level မှ Point (2)ခု၊ Eye Level ပြင်ပမှ point 1 ခု ထိုးလိုက်ခြင်းဖြစ်တယ်။